• Accelerator Program

    Micro Empire ၏ Accelerator Program မှရင်းနှီးမြုပ်နှံမှုများရရှိအောင်လုပ်ဆောင်ရာတွင်ပိုမိုအဆင်သင့်ဖြစ်စေရန်အတွက် စီးပွားရေးနှင့်သက်ဆိုင်သောအတန်းများကို

    ပြုလုပ်ပေးလျက်ရှိသည်။

    ထိုအတန်းများမှတဆင့် ရင်းနှီးမြှုပ်နှံသူများရှေ့တွင်

    မိမိ၏ Business plan ကို ရှင်းလင်းတင်ပြနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်သည်။

    လုပ်ငန်းလည်ပတ်သည့်သက်တမ်း အနည်းဆုံး (၂)နှစ်ရှိသော လုပ်ငန်းရှင်များ

    ဝင်ရောက်ပါဝင်နိုင်ပါသည်။ Accelerator Program နှင့်ပတ်သက်သည့်အသေးစိတ်အကြောင်းအရာများကို Micro Empire ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • Accelerator အတန်းများ

    (၁) သင့်လုပ်ငန်းအတွက်ရင်းနှီးငွေရှာဖွေခြင်း <Finance>

    • မိမိလုပ်ငန်း၏သက်တမ်းအနေအထားကို သိရှိနားလည်ခြင်း
    • လုပ်ငန်း၏သက်တမ်းအဆင့်ကိုနားလည်   ပြီးသင့်တော်သည့်ရင်းနှီးငွေအခွင့်အလမ်းများသိရှိလာခြင်း
    • Angle Investors အကြောင်းအရာများသိရှိစေရန်
    • ဘဏ်ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်သည်များကိုသိရှိရန်

    (၂) သင့်လုပ်ငန်း၏ငွေကြေးလည်ပတ်မူကိုစီမံခန့်ခွဲခြင်း <Accounting>

    • အသေးစားလုပ်ငန်းငွေကြေးစီမံခြင်း
    • ငွေစာရင်းစာရွက်စာတမ်းများပြင်ဆင်ခြင်း
    • ငွေစာရင်းများ ပြုလုပ်ခြင်းနှင့်သုံးသပ်ခြင်း

    (၃) သင့်လုပ်ငန်းကိုဥပဒေပိုင်းဆိုင်ရာနှင့်ကာကွယ်ခြင်း <Law>

    • ကုမ္ပဏီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသိရှိလာခြင်း
    • ရင်းနှီးမြှုပ်နှံမှု မရသေးချိန်နှင့်ရပြီးအချိန်ကာလများအတွက်
    • လုပ်ငန်းစီမံမှုများကိုနားလည်လာခြင်း
    • အဖွဲ့အစည်းဆိုင်ရာ ကျင့်ဝတ်နှင့်လုပ်ထုံးများသိရှိလာခြင်း

    Sign Up For Our Accelerator

    (၄) B to B မားကတ်တင်း <Marketing>

    • ဈေးကွက်အခွင့်အလမ်းအသစ်များကို  ရှာဖွေခြင်း
    • မိမိ၏ပြိုင်ဘက်လုပ်ငန်းများကို                   ဆန်းစစ်ခြင်း
    • မိမိပစ်မှတ်ထားသောဈေးကွက်ကို          နားလည်လာခြင်း
    • မိမိ၏ဈေးကွက်ဗျူဟာများကိုပြန်လည်     ဆန်းစစ်ခြင်း

    (၅) လူမှုပတ်ဝန်းကျင်အပေါ် မိမိလုပ်ငန်း၏အကျိုးသက်ရောက်မှုအား

    လေ့လာသုံးသပ်ခြင်း <Social Impact>

    • SDGs အပေါ်အခြေခံသော လူမှုအကျိုးပြုရည်မှန်းချက်များ ဖော်ဆောင်ခြင်း
    • ပြောင်းလဲခြင်းသီအိုရီ (Theory of Change) ကိုအသုံးပြုပြီးလက်တွေ့      အကောင်အထည်ဖော်ရန်စီစဉ်ခြင်း
    • အကျိုးသက်ရောက်မှုအားတိုင်းတာခြင်း   နည်း များနှင့်ယင်း၏အရေးပါပုံအားသိရှိနားလည်လာခြင်း

    (၆) ရင်းနှီးမြှုပ်နှံသူများရှေ့ တွင်မိမိ၏လုပ်ငန်းအကြောင်းအရာကိုတင်ပြခြင်း (Pitch)

    • မိမိ၏စီးပွားရေးလုပ်ငန်းပုံစံကို စီစဉ်ခြင်းနှင့် တင်ပြဆွေးနွေးခြင်း
    • ခန့်မှန်းငွေကြေးစာရင်းများပြင်ဆင်ခြင်း
    • ရင်းနှီးမြှုပ်နှံမှုအကြောင်းအရာကိုဆောင်ရွက်ခြင်း
    • Elevator pitch အတွက်ပြင်ဆင်ခြင်း

    ရင်းနှီးမြှုပ်နှံရှင်များ

    အသေးစားအလတ်စားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များကိုလည်း သင်တန်းများအပြင် ရင်းနှီးမြှုပ်နှံရန်နည်းလမ်းများကို အကြံပေးကူညီလျက်ရှိသည်။

     

    ရင်းနှီးမြှုပ်နှံသူများ(သို့မဟုတ်)ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လိုသူများအတွက် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းပုံစံအမျိုးမျိုးကို သင်တန်းများပို့ချပေးလျက်ရှိပါသည်။

     

    ကျွန်ုပ်တို့အနေဖြင့်အိန်ဂျယ်ရင်းနှီးမြှုပ်နှံမှုပုံစံ (Angle Investment)ကိုအသုံးပြုနေပြီး ၎င်းနည်းလမ်းသည် ရင်းနှီးမြှုပ်နှံသူများအတွက်

    ငွေပမာဏနည်းနည်းဖြင့် လုပ်ငန်းများထဲတွင်ရင်းနှီးမြှုပ်နှံသည့်ပုံစံကိုအခြေခံသောကြောင့် အောင်မြင်မှုအလားအလာပိုမိုရရှိနိုင်ပါသည်။

    ထိုကဲ့သို့သင်တန်းများကို ရန်ကုန်နှင့်မန္တလေးတွင်ပို့ချပေးလျက်ရှိသည်။

     

    Micro Empire သည် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းတိုးချဲ့ရန်စိတ်အားထက်သန်နေသော SME လုပ်ငန်းရှင်များအား

    ကူညီပေးနေသည့်အတွက်ကြောင့် ၎င်းတို့အတွက်သာမက သင့်လိုရင်းနှီးမြှုပ်နှံသူများအတွက်ပါ အကျိုးအမြတ်များရရှိစေနိုင်မည်ဖြစ်သည်။

    ရင်းနှီးမြှုပ်နှံမှုနည်းလမ်းသင်တန်းများ ပြုလုပ်မည့်နေ့ရက်နှင့်အသေးစားလုပ်ငန်းများ၏ အကြောင်းအရာအကျဉ်းချုပ်ကိုသိရှိရန်အတွက် Micro Empire သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။